ဝင်ခွင့် စာမေးပွဲ

July 14, 2016

မင်္ဂလာပါ...

ကျွန်တော့်ရဲ့ SuccessUpsize: Dream Achiever  သင်တန်း ကို စိတ်ဝင်စားတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ အခုဒီအထိရောက်အောင် လာတယ်ဆိုကတည်းက တကယ်အောင်မြင်ချင်သူဆိုတာ သိသာပါတယ်။

အောက်မှာ ပေးထားတဲ့ ဝင်ခွင့်မေးခွန်းလေးတွေကို သေချာ အချိန်ယူပြီး ဖြေကြားပေးပါ။ အချိန် ၁၅ မိနစ်လောက်ကုန်နိုင်ပါတယ်။ အချိန်ကုန်နိုင်ပေမယ့် ကိုယ့်ဘဝအတွက် အောင်မြင်ရေးလမ်းကြောင်းပေါ်ကို တဆစ်ချိုးပြောင်းလဲနိုင်မှာဖြစ်လို့ သေချာစဉ်းစားဖြေပါ။  ဒီအဖြေတွေပေါ်မူတည်ပြီး သင်တန်းသားတွေကို ရွေးမှာပါ။ သင်တန်းမှာ တကယ်မလိုချင်သူတွေကို အချိန်ကုန်ခံပြီး မသင်ချင်လို့ပါ။

[ If you can't read Myanmar Font, please Click here ]

 

အများစု မေးကြတဲ့ မေးခွန်းလေးတွေ........

၁။ သင်တန်းက ဘယ်လိုသင်မှာလဲ?

  • Online သင်တန်းပါ။ အပတ်စဉ် သင်ခန်းစာနဲ့ လေ့ကျင့်ခန်းတွေကို မေးလ်ကနေတဆင့် ပို့ပေးမှာပါ။
  • Online သင်ခန်းစာ Video တွေ၊ Audio တွေ၊ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ ဂိုက်တွေ ကိုလည်း အလွယ်တကူ Download လုပ်လို့ရပါတယ်။
  • Online ကဖြစ်လို့ ကြိုက်တဲ့ အချိန် ဝင်ရောက် သင်ယူလို့ရပါတယ်။ ဒါပေမယ့် ပေးတဲ့ လေ့ကျင့်ခန်းတွေကိုတော့ လိုက်လုပ်ဖို့ လိုအပ်ပါတယ်။ မလုပ်နိုင်ရင် အချိန်ကုန်ခံ၊ ပိုက်ဆံကုန်ခံပြီး မတက်ဖို့ တိုက်တွန်းချင်ပါတယ်။
  • တဦးစီ သီးသန့်မဟုတ်ဘဲ၊ အခြား ကျောင်းသားများနှင့်ပါ Online မှ အပြန်အလှန်ဆွေးနွေးလို့ရလို့၊ တိုးတက်ဖို့ ပိုအားရှိပါတယ်။
  • ကျွန်တော်နဲ့လည်း လိုအပ်တဲ့ အချက်အလက်များ၊ မရှင်းလင်းတာများကို Online မှတိုက်ရိုက်မေးမြန်းနိုင်ပါသေးတယ်။

 

၂။ သင်တန်းက ဘယ်လောက်ကြာမှာလဲ?

  • အားလုံးပေါင်း ၈ ပတ် (၂လနီးပါး) ကြာမြင့်ပါမယ်။

 

၃။ သင်တန်းကြေး ဘယ်လောက်လဲ?

  • သင်တန်းကြေးက ၁ သိန်း ၈ သောင်းပါ။
  • အခါအားလျော်စွာ အသင်းဝင်တွေအတွက် အထူးဈေးနဲ့ သင်ပေးတာလည်း ရှိပါတယ်။

 

၎။ သင်တန်းကြေး ဘယ်လို ပေးသွင်းရမလဲ?

  • မြန်မာပြည်က KBZ (သို့) AYA ဘဏ်ကိုလွှဲပေးလို့ရပါတယ်။

 

၅။ အခု ဝင်ခွင့်ဖြေပြီးရင် ပါမပါ ဘယ်လိုသိမှာလဲ?

  • ဝင်ခွင့်အဖြေတွေက သင်တန်းဝင်ဖို့ ကိုက်ညီရင် အခုပေးထားတဲ့ မေးလ် လိပ်စာကို အကြောင်းကြားပေးမှာပါ။
  • မေးလ်မှာ လွှဲရမယ့် ဘဏ်လိပ်စာ နံပါတ်နဲ့ ဘယ်အချိန်နောက်ဆုံးထား လွှဲရမယ်ဆိုတာကို အကြောင်းကြားပေးပါ့မယ်။

 

ခင်မင် လေးစားစွာဖြင့်...
ကိုသူရ
(Saving The Minds)
Founder of SuccessUpsize.com

ဒီသင်တန်းကို ဘာလို့တက်ချင်တာလဲ
ဒီသင်တန်းကို တက်ပြီးရင် ဘာအကျိုးရှိမယ်ထင်ပါသလဲ
ဒီသင်တန်းအတွက် နေ့စဉ် အချိန်သတ်သတ်မှတ်မှတ် ပေးနိုင်ပါသလား။
ပေးနိုင်တယ်ဆိုရင် အချိန်ဘယ်လောက်ပေးမှာလဲ။  နာရီ
သင့်ဘဝမှာ အောင်မြင်ချင်တဲ့ တိုးတက်ချင်တဲ့ အကြောင်းအရာ (၃) ခုက ဘာလဲ။
သင် လတ်တလော ကြုံနေရတဲ့ ဘဝ အခက်အခဲ (၃) ခု က ဘာလဲ။
သင့်ရဲ့ ငွေကြေးစီမံမှု ကောင်းပါသလား။ ၁ ကနေ ၁၀ အတွင်း ကိုယ့်ကိုကိုယ် ဘယ်လောက်မှာရှိမယ်ထင်သလဲ။
(၁ က ဘာမှအစီအစဉ် မရှိ၊ ၁၀ က အစီအစဉ် အပြည့်အဝရှိ)
သင့်ရဲ့ ကျန်းမားရေးစီမံမှု ကောင်းပါသလား။ ။ ၁ ကနေ ၁၀ အတွင်း ကိုယ့်ကိုကိုယ် ဘယ်လောက်မှာရှိမယ်ထင်သလဲ။
(၁ က ဘာမှအစီအစဉ် မရှိ၊ ၁၀ က အစီအစဉ် အပြည့်အဝရှိ)
သင့်ဘဝရဲ့ အရေးကြီးဆုံး လူ (၃) ဦး က ဘယ်သူတွေလဲ။
သင့်ဘဝရဲ့ ဂုဏ်အယူရဆုံး အောင်မြင်မှု (၃) ခု က ဘာလဲ။
သင်တန်းအတွက် တခြား မေးစရာ ဘာရှိပါသလဲ။

ခေါ်နေကျ နာမည်

အလုပ်အကိုင်

သုံးနေကျ Email

ဆက်သွယ်ရန် ဖုန်းနံပါတ်